Thursday, April 30, 2020

Covid-19 ရောဂါကူးစက်မှု မြင့်တက်လျက်ရှိသောမြန်မာနိုင်ငံ အခြေအနေအပေါ် ISP Myanmar နှင့်
ဂလိုဘယ် ငြိမ်းချမ်းရေးခရီးသည်တို့၏ သုံးသပ်ချက်


ဧပြီ ၁၃၊ တနင်္လာနေ့။
IBEC ဆရာတော် - ကြိုဆိုပါတယ် ဒကာတော်ရေ။
ကိုနေထွန်းနိုင်(ISP Myanmar) - ဆရာတော် ဦးတင်ပါတယ်ဘုရား ၊ တပည့်တော် ကိုနေထွန်းနိုင်ပါဘုရား ၊ ISP Myanmar ကပါဘုရား။
IBEC ဆရာတော် - ဟုတ်ကဲ့ ISP Myanmar က ကိုနေထွန်းနိုင် အမိန့်ရှိပါ။
ကိုနေထွန်းနိုင်(ISP Myanmar) - တင်ပါ့ဘုရား ဦးတင်ပါတယ်ဘုရား အရင်ဆုံးအနေနဲ့ တပည့်တော် အဓိကသိလိုတာကတော့ ဒီCovid-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ ရဟန်းရှင်လူပြည်သူတွေ တွေ့ကြုံနေရသော တွေ့ကြုံလာနိုင်သော အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့မှ ဆရာတော်ရဲ့ အမြင်နဲ့သုံးသပ်ချက်တွေကို သိလိုပါတယ်ဘုရား။ တပည့်တော်အနေနဲ့ မူဝါဒရေးရာလုပ်ကြတဲ့သူတွေ စဉ်းစားလို့ရအောင်ဆိုပြီးတော့မှ ဆရာတော်ကို မေးခွန်း(၃)ခုလောက် မေးခွင့်ပြုပါဘုရား။
ပထမဦးဆုံးမေးခွန်းကတော့- တပည့်တော်တို့ လက်ရှိသံဃာ့အဖွဲ့အစည်းတွေမှာဆိုရင် ဒီကပ်ဘေးကြီးဖြစ်လို့ ပိုဆိုးတာပေါ့နော်... (Donation) တွေဆို ရပ်လိုက်ရတာတွေရှိမယ်။ တစ်ချိန်ထဲမှာဘဲ သံဃာ့အဖွဲ့အစည်း ဆိုတာကလည်း (Preparation) ကောင်းတဲ့အဖွဲ့အစည်းတွေဖြစ်တယ်။ လက်ရှိဖြစ်နေတဲ့ အခက်အခဲတွေကို ကျော်လွှားတဲ့နေရာမှာ အထောက်အကူဖြစ်အောင်လို့ ဆရာတော်တို့အနေနဲ့ လက်ရှိဘယ်လို ကျော်ဖြတ်နေလဲဆိုတာရယ်??? နောက်တစ်ခုက တစ်ခြားရော သံဃာ့အဖွဲ့အစည်းတွေကနေ ဘယ်လို ပံ့ပိုးကူညီမှုတွေ လုပ်ပေးတာတွေရှိလဲဆိုတာ အရင်ဆုံးသိလိုပါတယ်အရှင်ဘုရား။
 (IBEC ဆရာတော်)
ဟုတ်ကဲ့ ဒကာကြီးရေ ဒကာကြီးရဲ့မေးခွန်းက လက်ရှိ Covid-19 နဲ့ပတ်သက်ပြီးတော့မှ သံဃာ့အဖွဲ့အစည်းရဲ့ ကြုံတွေ့နေရတဲ့ Challenges တွေရယ်၊ နောက်ပြီးတော့ ဒီဟာတွေကို ဘယ်လို Overcome လုပ်သလဲ၊ Community ကို ဘယ်လို Service တွေပေးသလဲဆိုတဲ့အပိုင်းကို မေးတယ်လို့ ဦးဇင်းထင်ပါတယ်။
အဲ့တော့ သံဃာ့အဖွဲ့အစည်းဆိုတာ မြန်မာပြည်မှာတော့ အင်အားကြီးအဖွဲ့အစည်းတွေထဲမှာ တစ်ခုအပါအဝင်ပေါ့နော်။ ခေတ်အဆက်ဆက်မှာ ကျုပ်တို့ပြောခဲ့ကြတယ် မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံးသော Organization Community ဟာ သံဃာ့အဖွဲ့အစည်းရယ်၊ ကျောင်းသားရယ်၊ တပ်မတော်ရယ်ဆိုတဲ့အပိုင်းဟာ ဒါခေတ်အဆက်ဆက်မှာ အင်အားအကြီးဆုံးသော အဖွဲ့အစည်းတွေဘဲဖြစ်ပါတယ်။ ဦးဇင်းတို့ရဲ့ သံဃာ့ Community ဆိုတာကတော့ ဘုရားသားတော်တွေဖြစ်တဲ့အတွက် ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ ဓမ္မဝိနယနဲ့အညီ နေထိုင်ကြရတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီလိုCovid-19 ဖြစ်တဲ့အခါမှာ ဘယ်တွေ Challenges တွေရှိသလဲဆိုတော့ ။
ပထမဦးဆုံးကတော့ စာသင်တိုက်ကြီးတွေရဲ့ အပိုင်းကဏ္ဍမှာ သံဃာတော်တွေအားလုံးကို ဒီCovid-19 ကူးစက်နိုင်တဲ့ အန္တရာယ်ကနေကာကွယ်ဖို့ဆိုပြီးတော့မှ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကြီးကလည်း လမ်းညွှန်ချက်ထွက်တဲ့ အတွက် စာသင်တိုက်က သံဃာတော်တွေကို ဒေသပြန်ခွင့်ပြုရတယ်ပေါ့နော် ဒါကတော့ ပထမဦးဆုံး Challenges ပေါ့။ နောက်နိုင်ငံတော်အစိုးရကနေ တရားဝင်လုပ်နေတဲ့ ပထမပြန်စာမေးပွဲတွေ၊ ဓမ္မာစရိယစာမေးပွဲတွေကို ရပ်ဆိုင်းလိုက်ရပြီးတော့မှ စာမေးပွဲတွေ ရပ်တန့်သွားတဲ့ Challenges တစ်ခုပေါ့နော်။ အဲ့လို Challenges တွေနဲ့အတူ သံဃာတော်တွေ နေရပ်ပြန်ရတဲ့အခါကာလတွေမှာ ဒီသံဃာ့ Community ထဲမှာ ရှိကြတဲ့ သွားနေတဲ့ လုပ်ငန်းစဉ်တွေ ရပ်တန့်သွားတယ်ဆိုတာ ဒါကတော့ ပထမ Challenges ပေါ့။
ဒုတိယ Challenges ကတော့ ဒကာတော်မေးတဲ့ ဒီCovid-19 ကပ်ရောဂါကြီးဖြစ်တဲ့အတွက် တချို့တချို့သောဒေသတွေမှာ လူတွေလူတွေက ဒါတွေကို ကြောက်ရွံ့လာကြတဲ့အတွက် ဘုန်းကြီးကျောင်းတွေ ဘာသာရေးအခမ်းအနားတွေကို ရပ်တန့်လိုက်တာတွေရှိတယ် ပေါ့နော်။ ဒီလိုအလာသဏ္ဌာန်တူ ဒုတိယကမ္ဘာစစ်ကာလမတိုင်ခင်နဲ့ ကိုလိုနီခေတ်ကာလတွေမှာလဲ မြန်မာပြည်မှာ ဒီလိုကပ်ရောဂါမျိုးတွေ ဥပမာ-ကာလဝမ်းရောဂါတို့ ပလိပ်ရောဂါတို့ အစရှိတဲ့ ရောဂါမျိုးတွေဖြစ်ခဲ့ဖူးတဲ့အချိန်မှာ လယ်တီဆရာတော်ဘုရားကြီးတို့က တစ်တိုင်းပြည်လုံးကို မေတ္တာရှေ့ထားပြီး ပရိတ်တွေရွတ်ဖတ်ပြီးတော့မှ ဆောင်ရွက်ခဲ့ကြတာတွေလဲရှိတယ်ပေါ့နော်။ ယနေ့မျက်မှောက်ခေတ် Covid-19 ကပ်ရောဂါကြီးဖြစ်ချိန်မှာတော့ မြန်မာနိုင်ငံအတောအတွင်းမှာရှိတဲ့ ကျောင်းတွေက ဘုရားပုထိုးတွေ စေတီတွေပါမကျန် အားလုံးကို လူတွေ ဘာသာရေးအခမ်းအနားတွေ ဝင်ရောက်ဆောင်ရွက်ခွင့်ကို နိုင်ငံတော်အစိုးရကလဲ ဒါဒေသန္တရအမိန့်ဆိုပြီးမှ ပိတ်လိုက်တယ်ပေါ့နော်။
ပိတ်လိုက်တဲ့အတွက် ကျောင်းတွေမှာ လူတွေအဝင်အထွက်သိပ်မရှိဘူး ဘုရားတွေမှာလဲ သွားကြလာကြတာမရှိဘူးပေါ့။ ဒါကတော့ ကာကွယ်ရေးအတွက်ကောင်းတယ်လို့ မြင်ပေမယ့် ဘုန်းတော်ကြီးကျောင်း တော်တော်များများဟာပေါ့နော် ဒီဆွမ်းကွမ်း ဝေယျာဝစ္စ ကိစ္စတွေလဲ ခက်ခဲသွားတာကိုတွေ့ရတယ်ပေါ့။ ဥပမာပြောရရင် ကျုပ်တို့လို အင်အားကြီးပါတယ်ဆိုတဲ့ IBEC ကျောင်းတော်ကြီးမှာတောင်မှ ဒါဆွမ်းကွမ်း ဝေယျာဝစ္စ တွေ တချို့ကိစ္စတွေမှာ ခက်ခဲသွားတာတွေ ကျုပ်တို့တွေ့ရတယ်ပေါ့နော်။
အဲတော့ ဒါကတော့ Challenges ကို ပြောပြတာပါ အဲ့ဒီ Challenges တွေကနေပြီးတော့မှ ဘယ်လို Overcome လုပ်ကြသလဲဆိုတဲ့အခါကျတော့ သံဃာဆိုတာ ရောင့်ရဲတင်းတိမ်ရတယ် ခြိုးခြံချွေတာရတယ် ရှိတာနဲ့မျှတရတဲ့အတွက် ဒီအစားအသောက်နဲ့ ပတ်သက်လို့ကတော့ ကျုပ်တို့တတွေက ရဟန်းသံဃာတွေဘက်အပိုင်းမှာ ဒါကအရေးကြီးတဲ့ ကိစ္စကြီးတစ်ခုလို့ မသတ်မှတ်ကြဘဲနဲ့ ကိုယ့်တိုင်းသူပြည်သားတွေရဲ့အရေးမှာ ကိုယ်တတ်စွမ်းသမျှ ပေးကမ်းထောက်ပံ့တဲ့ အပိုင်းကဏ္ဍတွေကို ဘုန်းကြီးကျောင်းတွေကလုပ်တယ်။
နောက် Community Service အဖြစ်နဲ့ ဥပမာဆိုကြပါစို့ပေါ့ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒတို့ဆိုရင် ရန်ကုန် သူ့ရဲ့ဓမ္မဒူတကျောင်းတော်ကြီးကနေပြီးတော့မှ ဒီနိုင်ငံခြားကနေပြန်လာသော စောင့်ကြည့်ရမယ့် Covid-19 သံသယရှိလူနာမြောက်များစွာကို အင်တိုက်အားတိုက်နဲ့ ဆောင်ရွက်ပေးတာပေါ့နော်။ ဒါက သံဃာ့အဖွဲ့အစည်းရဲ့ လူထုအပေါ်မှာ အစိုးရအပေါ်မှာ ပံ့ပိုးကူညီပေးတဲ့ အပိုင်းတွေပေါ့နော်။
သံဃာတော်တွေဆိုတာ ခေတ်အဆက်ဆက်မှာ ဒီတိုင်းပြည်နိုင်ငံရဲ့ အစိုးရနဲ့လူထုအပေါ်မှာ ဘယ်လိုအချိန်မှာဘဲဖြစ်ဖြစ် ကျဉ်းထဲကျပ်ထဲမှာဆို ဝိုင်းဝန်းပြီးတော့မှ ဝန်းရံပေးကြတယ် ဥပမာ သီတဂူဆရာတော်ဘုရားကြီးတို့ ရခိုင်ပြည်နယ်မှာ စစ်ဘေးကြောင့် ဒုက္ခရောက်နေမယ့်ပုဂ္ဂိုလ်တွေ Covid-19 ကာလအတောအတွင်းမှာ ထောက်ပံ့ရေးတွေသွားပြီးတော့မှ ကူညီတာတွေရှိတယ် ဒီ Community ကိုဝိုင်းဝန်းပြီးတော့မှ ဆောင်ရွက်ပေးတဲ့အပိုင်းတွေ နောက်ပြီးတော့ သက်ဆိုင်တဲ့ဆေးရုံတွေ တစ်တိုင်းပြည်လုံးမှာ ရှိတဲ့ သီတဂူနဲ့ပတ်သက်တဲ့ဆေးရုံပေါင်း(၄ဝ)ကျော်မှာ ဒီ Covid-19 နဲ့ပတ်သက်ပြီး စောင့်ကြည့်ရမယ့် လူနာတွေခွင့်ပြုလိုက်တယ်ပေါ့ ဥပမာ ဦးဇင်းရဲ့ ကျွန်းလှမြို့မှာဆိုလို့ရှိရင်လည်း (ကျွန်းလှ) သီတဂူစက္ခုဒါနဆေးရုံမှာလည်း နေရပ်ပြန် Covid-19 စောင့်ကြည့်ရမယ့် သံသယလူနာတွေ ထားရှိဖို့အတွက် ဦးဇင်းတို့အနေနဲ့ခွင့်ပြုပြီးတော့ Community Service အဖြစ်နဲ့ ဦးဇင်းတို့ဆောင်ရွက်ပေးကြတာတွေ ရှိတယ်ပေါ့နော်။
အဲ့တော့ ခေတ်အဆက်ဆက်မှာ ရဟန်းသံဃာတော်တွေရဲ့အပိုင်းဟာ တိုင်းပြည်မှာ အကျပ်အတည်းကြုံလာပြီဆိုလို့ ရှိရင် လက်တွေ့ဆောင်ရွက်မှုအနေနဲ့ ကာယကံနည်းကနေဆောင်ရွက်ပေးတယ်၊ Spiritual နည်းကနေ ဘယ်လိုဆောင်ရွက်ပေးလဲဆိုတော့ တစ်တိုင်းပြည်လုံးမှာရှိတဲ့ ရဟန်းသံဃာတော်တွေက သူတို့ရဲ့ Spiritual Power တွေနဲ့ ပရိတ်ပဌာန်းတွေ ရွတ်ဖတ်ပေးကြခြင်း မေတ္တာဘာဝနာပွားများခြင်းကအစပေါ့နော်။
အဲ့ဒါတွေကတော့ တစ်တိုင်းပြည်လုံးမှာ ကျုပ်တို့ရဲ့ ရဟန်းသံဃာတော်တွေလုပ်နေကြတာပေါ့နော် ဒါကလည်း ဘာ့ကြောင့်လဲဆိုတော့ ဒီReference ကလည်း ဗုဒ္ဓလက်ထက်တော်ကာလက ဝေသာလီပြည်မှာ ကပ်ရောဂါဘေးကြီး ဖမ်းစားတဲ့အချိန်မှာ ညီတော်အာနန္ဒာတို့ကိုယ်တိုင် ဝေသာလီရဲ့တံတိုင်းသုံးထပ်ကို ပတ်ရံပြီးတော့မှ ဒီရတနာ့သုတ်ပရိတ်တွေ ရွတ်ဖတ်ပြီးတော့မှ တိုင်းပြည်ရဲ့ကပ်ရောဂါဘေးတွေကနေ ကာကွယ်ပေးတဲ့ Spiritual Power အနေနဲ့ဆောင်ရွက်ခဲ့ကြတာရှိတော့ တစ်တိုင်းပြည်လုံးမှာ တောရောမြို့ပါမကျန် ပရိတ်တွေရွတ်ဖတ်ပေးတယ် ကမဝါတွေရွတ်ဖတ်ပေးတယ် မေတ္တာတွေပို့ပေးနေကြတာဟာလဲ ဒီCovid-19 ကို Overcome လုပ်ကြတဲ့နေရာမှာ Spiritual ပိုင်းက အထောက်အကူဖြစ်ပါတယ်လို့ ဦးဇင်းအနေအထားနဲ့ ပထမမေးခွန်းကို ဖြေပါရစေ ဒကာတော်ရေ။

ကိုနေထွန်းနိုင်(ISP Myanmar) - တင်ပါ့ဘုရား ဒီCommunity Service ကို ဆရာတော်တို့လို ရဟန်းသံဃာတွေက ကူညီပေးနေတာကို ကြားသိရတာ သာဓုခေါ်စရာပါဘုရား။ တချိန်တည်းမှာဘဲပေါ့ ဦးဇင်းတို့ သံဃာတွေကြားထဲမှာလဲ တချို့အဆင်မပြေတဲ့ကျောင်းတွေရှိတယ်ပေါ့နော် အဲ့ဒီရဟန်းတော်တွေအပေါ်မှာ သံဃာ့အဖွဲ့အစည်းတွေက စနစ်တကျ အဖွဲ့တွေဖွဲ့ပြီးတော့ ကူညီထောက်ပံ့တာမျိုးတွေရော ရှိပါသလားဘုရား။
IBEC ဆရာတော် - အခုလောလောဆယ်အနေအထားကတော့ ဒကာကြီးရေ ဦးဇင်းတို့ ဒီသံဃာ့အဖွဲ့အစည်းအဆင့်ဆင့်မှာ သာသနာ့နုဂ္ဂဟအဖွဲ့အစည်းတစ်ခုကတော့ သက်ဆိုင်တဲ့ကျောင်းတွေမှာ ဆွမ်းကွမ်းဝေယျာဝစ္စတွေ အခက်အခဲဖြစ်ရင် ထောက်ပံ့ကူညီဖို့ဆိုပြီးတော့ လျှောက်ထားကြတော့ အသံကြားရတယ်ပေါ့နော် ။ ဒါပေမယ့် လောလောဆယ် ဒီနေ့အချိန်ကာလမျက်မှောက်ထိအောင်ကတော့ တော်တော်များများကျောင်းတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ်ဘဲ ရပ်တည်နေကြရတာပါ။
နိုင်ငံတော်အစိုးရဘက်ကလည်း တချို့ဟာက သူတို့ ဆောင်ရွက်ပေးနိုင်တဲ့အားမရှိသေးဘူး ဒကာဒကာမတွေဘက်အပိုင်းကလည်း သူတို့တတ်နိုင်သလောက်ဘဲ အဝေးရောက် (Donation) လုပ်ကြတာလေး တွေတော့ ရှိကြတယ်ပေါ့နော်။ အဲ့တော့ သံဃာ့ Community မှာတော့ အရင်ကထက်စာရင် ရပ်တည်ရေးပိုပြီးတော့ ခက်ခဲသွားတယ်လို့ ဦးဇင်းဒီလိုမြင်ပါတယ်။
ကိုနေထွန်းနိုင်(ISP Myanmar) - တင်ပါ့ဘုရား တင်ပါ။ နောက်တစ်ပိုင်းကတော့ အရှင်ဘုရား အခုလောလောဆယ်မှာ ဒီကပ်ရောဂါနဲ့ပတ်သက်ပြီး ကမ္ဘာနဲ့ချီပြီးဖြစ်တဲ့ကပ်ရောဂါကို တပည့်တော်တို့ မြန်မာနိုင်ငံကလည်း ရင်ဆိုင်ဖြေရှင်းဖို့လုပ်နေကြတယ် တကယ်လဲ ရင်ဆိုင်ဖြေရှင်းနေကြပါတယ်ဘုရား။ သံဃာတော်တစ်ပါးရဲ့ရှုမြင်မှုနဲ့ ဘာတွေကို ဘယ်လိုလုပ်ရင် ပိုကောင်းလာနိုင်မယ်လို့ မြင်မိပါသလဲ အရှင်ဘုရား။
IBEC ဆရာတော် - ဒကာကြီးမေးခွန်းက အင်မတန်မှလည်း စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်း ဒါတွေက ပညာရှင်တွေမှ ဖြေနိုင်မှာဗျ ကျုပ်လို Global တောသားက သိပ်ပြီးဒါတွေကို မကျွမ်းကျင်တော့ ဒါပေမယ့် သိသလောက်လေးတော့ ပြောပြရမှာပေါ့လေ။ လက်ရှိ Covid-19 ကာလဟာ ဒါက ပြန်ပြီးသုံးသပ်ရမယ်ဆိုလို့ရှိရင် Covid-19 ရောဂါသည် မြန်မာနိုင်ငံနှင့် Boder line ဖြစ်တဲ့ တရုတ်ပြည်ကနေစပြီးတော့မှ မြစ်ဖျားခံခဲ့တာပေါ့ဗျာနော်။
(၂ဝ၁၉)ခုနှစ် နိုဝင်ဘာ/ဒီဇင်ဘာလလောက်ကတည်းက တရုတ်ပြည်မှာ ဒီရောဂါပိုး စဖြစ်နေတာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာပြည်ဟာ ဘယ်လိုမှ ဒီရောဂါပိုး မပျံ့နှံ့စရာ အကြောင်းမရှိဘူး ဦးဇင်းတို့က အစကတည်းကသုံးသပ်မိပါတယ်။ အဲ့တော့ အဲ့ဒီအတွက် လူတွေဟာ ဒီရောဂါပိုးတွေနဲ့ပတ်သက်လို့ ဒါဟာကမ္ဘာ့ကပ်ရောဂါဖြစ်တယ်ဆိုတာ ဥရောပတို့ အမေရိကတို့ တစ်ကမ္ဘာလုံးကိုပျံ့လွင့်ပြီးတော့မှ စိုးရိမ်ရေမှတ်ရောက်လာတဲ့အချိန်ကျမှ မြန်မာနိုင်ငံရဲ့ ဒီCovid-19 ဟာ အန္တရာယ်ရှိတယ်လို့ နိုင်ငံတော်အစိုးရက ကြပ်မတ်ပြီးပြောလာတာရှိတယ်ပေါ့နော်။
အဲ့ဒါသည် နိုင်ငံကြီးတစ်နိုင်ငံ ဖွံဖြိုးတိုးတက်တဲ့နိုင်ငံတွေနဲ့တော့ နှိုင်းယှဉ်ပြီးပြောတာမဟုတ်ဘူးပေါ့နော်။ ဒီလို ကပ်ရောဂါစဖြစ်တဲ့ နိုင်ငံကြီး တစ်နိုင်ငံရဲ့ဘေးမှာနေထိုင်တဲ့ နိုင်ငံငယ်လေးတစ်နိုင်ငံဟာ ဆင်းရဲနွမ်းပါးပေမယ့် ၊ ဆင်းရဲနွမ်းပါးတာနဲ့ ဒီမိုကရေစီမဖွံဖြိုးသေးတာကို အကြောင်းပြပြီးတော့မှ တကယ်ဆို နိုင်ငံသူနိုင်ငံသားတွေကို ကြိုတင်ပြီး အသိပညာတွေပေးရမယ့်အပိုင်းတွေကို မပေးခဲ့တဲ့အားနည်းချက်တစ်ခုကို ဦးဇင်းတို့ဒါတွေ့ရတယ်ပေါ့နော်။
အဲ့ဒါတွေ ဘာလို့ဖြစ်ရသလဲဆိုတော့ နိုင်ငံတစ်ခုရဲ့ National Planing ပေါ့ National Project က တိုင်းသူပြည်သားတွေရဲ့အရေးကို ကြည့်မယ်ဆိုလို့ရှိရင် နိုင်ငံကိုဦးဆောင်ဦးရွက်ပြုကြတဲ့ပုဂ္ဂိုလ်တွေက ဒီလိုဟာမျိုးကိုလဲ အင်မတန်မှ အရေးကြီးတယ်လို့ ညဏ်ကြီးကြီးမျက်စိကြီးကြီးနဲ့ နိုင်ငံတော်အကြီးအကဲတွေက မြင်ဖို့လိုတာပေါ့နော်။
အဲ့ဒီလို မမြင်ခဲ့တဲ့အတွက် Positive တွေတော်တော်များများတွေ့လာရတယ် ရာခိုင်နှုန်းနဲ့တွက်ရင်တော့ ကျုပ်တို့တိုင်းပြည်က အရှေ့တောင်အာရှမှာ အများဆုံးအနေထားလောက်ကို ရောက်လာတာဟာ တနည်းအားဖြင့်ပြောရရင်တော့ တိုင်းပြည်မှာရှိကြတဲ့ ဒီစီမံခန့်ခွဲမှုထိပ်သီးမှာရှိကြတဲ့ ပုဂ္ဂိုလ်တွေက တချို့အရာလေးတွေမှာ နိုင်ငံရေးလောက်ကိုဘဲ ဦးဆောင်ပြီးတော့မှ နိုင်ငံရဲ့အရေးအရာကိစ္စတွေမှာ မကျွမ်းကျင်ဘူးလို့ ဦးဇင်းကတော့ ဒါလေ့လာသုံးသပ်တဲ့အပိုင်းပေါ့နော်။
အဲ့ဒီအပိုင်းတွေကတော့ ထားလိုက်တော့ လက်ရှိအတိုင်းအတာကို ဘယ်လိုကောင်းအောင်သွားမလဲဆိုတဲ့အခါမှာ တိုင်းပြည်အတောအတွင်းမှာရှိကြတဲ့ နိုင်ငံတော်အကြီးအကဲတွေ ပြည်သူတွေ နောက်ရဟန်းသံဃာတွေ Spiritual ပိုင်းကပုဂ္ဂိုလ်တွေအားလုံးက ဝန်းရံပြီးတော့မှ ဒါကြီးကို ဝိုင်းဝန်းပြီးတော့မှ ကာကွယ်နေကြတဲ့၊ ဝိုင်းဝန်းပြီးတော့မှ စောင့်လျှောက်နေကြတဲ့အတွက် ကျုပ်တို့တိုင်းပြည်မှာက တခြားတိုင်းပြည်တွေနဲ့မတူညီတဲ့ ခွန်အားတွေရှိတယ်။ ဥပမာ အမေရိကန်တို့ EUတို့လိုနိုင်ငံမျိုးတွေ ၊ ဂျပန်တို့ ကိုရီယားတို့လိုနိုင်ငံမျိုးတွေဆိုရင် အေမင်းတို့အစိုးရဘဲလုပ် ငါတို့ပြည်သူတွေနဲ့ မဆိုင်ဘူးလို့တွေးမှာပေါ့နော်။
ဒါပေမယ့် ကျုပ်တို့မြန်မာပြည်မှာ ဘာအားသာလဲဆိုတော့ မြန်မာလူမျိုးတွေက နဂိုကတည်းက ပေးချင်တယ်ကမ်းချင်တယ် ထောက်ပံ့ချင်တယ် အဲ့ဒီလိုမေတ္တာတရားတွေ ဂရုဏာတရားတွေကို အခြေခံတဲ့လူမျိုးဖြစ်တဲ့အတွက် ဦးဇင်းတို့ ဒီနေ့အချိန်မှာ ဒီCovid-19 ကို ကြံ့ကြံ့ခံနိုင်ပြီးတော့မှ အခုအားလုံး တစ်တိုင်းပြည်လုံးက ပူးပေါင်းပါဝင်နေကြတာ အဲ့ဒီအကျိုးသက်ရောက်မှုပါဘဲ ။
Community တွေကို ဦးဇင်းတို့တိုင်းပြည်တွင်းမှာ ကြည့်တဲ့အခါမှာ ဒီဟာကအားသာချက်လို့တွေးလို့ရတယ် ဒါပေမယ့် အဲ့ဒီအားသာချက်သည် ဘယ်လိုအားသာချက်လဲဆိုတော့ လူထုရဲ့ပူးပေါင်းပါဝင်မှု Cooperation က အားသာချက်ဖြစ်ပြီးတော့မှ တစ်ကြောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းနေကြတဲ့ ဒေသန္တရအမိန့်တွေ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ တစ်လွဲစီမံခန့်ခွဲနေကြတာကိုလဲ မျက်ဝါးထင်ထင် တွေ့နေရတယ်နော် ဒကာကြီး။
အဲ့ဒီတလွဲဆံပင်ကောင်းပြီးတော့မှ စီမံခန့်ခွဲနေကြတဲ့ ဒေသန္တရအမိန့်တွေနဲ့ ညွှန်ကြားချက်တွေကို နိုင်ငံတော်က နည်းမှန်ကမ်းမှန် ဒေသရဲ့အခြေအနေကိုကြည့်ပြီးတော့ မျက်စိကြီးကြီး အမျှော်အမြင်ကြီးကြီးနဲ့ စီမံခန့်ခွဲပြီးတော့မှ ထိန်းကျောင်းပေးမယ်ဆိုရင်တော့ ဒါအားသားချက်ကိုပြောင်းလို့ရတယ်လို့ ဦးဇင်းမြင်မိပါတယ် ဒကာတော်ရေ။ ""


ကိုနေထွန်းနိုင်(ISP Myanmar) - တင်ပါ့ဘုရား ပြည့်စုံပါပြီ ဘုရား။ တပည့်တော်နောက်ဆုံး မေးလိုတဲ့မေးခွန်းကတော့ အဓိက အကြောင်းအရာလို့လဲ ပြောလို့ရပါတယ်ဘုရား။ အထူးသဖြင့်တော့ တပည့်တော်တို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တုံ့ပြန်အဖြေရှာမှု ပေါ့။
အဲ့ဒါကိုကြည့်မယ်ဆိုလို့ရှိရင် ဘာသာတရားတိုင်းမှာတော့ အဆုံးအမရှိတယ်ပေါ့ဘုရား။
အခုလိုအချိန်မျိုးမှာ တစ်ယောက်နဲ့တစ်ယောက်ကွဲပြားနေတာ ခွဲခြားနေတာမဟုတ်ဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြည်ရင်းနှီးစွာနဲ့ ညီညွတ်မှုရှိကြဖို့လိုအပ်မှာလဲဖြစ်ပါတယ်ဘုရား။ တကယ်လို့ လူလူချင်းကျောချင်းကပ်လို့ မရရင်တောင် စိတ်နှလုံးသားချင်းကျောချင်းကပ်ထားလို့ရစေဖို့အတွက် ဘယ်လိုအဆုံးအမမျိုးက တစ်ယောက်နဲ့တစ်ယောက် နှလုံးသားချင်းစိတ်ချင်းကျောကပ်စေနိုင်မလဲ ဆိုတာ အရှင်ဘုရားရဲ့ အမြင်လေးမိန့်ကြားပေးပါဘုရား။
IBEC ဆရာတော် - ဒါကတော့ ဒကာရေ အင်မတန်မှကောင်းတဲ့ Spiritual Point of Question ပါဘဲနော်။ ဗုဒ္ဓရဲ့ ဓမ္မမှာတော့ ဦးဇင်းတို့က လူသားတွေအချင်းချင်းကို တစ်ယောက်နဲ့တစ်ယောက် မေတ္တာနှလုံးသားတွေနဲ့ မေတ္တာသုတ်မှာဘဲ ကြည့်လိုက် “မာတာရဌံနိရံပုတ္တံ မာယုတာဧကပုတ္တနုရက္ခေ” ဆိုတဲ့ ပါဠိတော်လေးရှိတယ် “အမေသည် ကိုယ့်ရဲ့ သားသမီးကို ချစ်သကဲ့သို့ သတ္တဝါတွေအပေါ်မှာ လူသားတွေအပေါ်မှာ တန်းတူချစ်မြတ်နိုးနိုင်တဲ့ စိတ်နှလုံးသားရှိရမယ်တဲ့” ဒါမေတ္တာသုတ်မှာ တော်တော်များများလဲ သိကြပါတယ်။
အဲ့တော့ အခုချိန်ကာလမျိုးမှာ တိုင်းသူပြည်သားတွေ ညီညွတ်ကြတယ်ဆိုပေမယ့် တကယ်တမ်းညီညွတ်ချင်ယောင်လေးဆောင်ကြတာ ဒကာကြီးရေ တကယ်မညီညွတ်ပါဘူး။ တကယ်ညီညွတ်ဖို့ရန်အတွက် မြန်မာနိုင်ငံအတောအတွင်းမှာရှိကြတဲ့ လက်ရှိတိုင်းပြည်အုပ်ချုပ်ကြတဲ့ နိုင်ငံတော်အစိုးရ Cabinet ဝင် ဝန်ကြီးတွေအပါအဝင် နိုင်ငံတော်အကြီးအကဲတွေ၊ မြန်မာ့တပ်မတော် ၊ ရဟန်းသံဃာတော်တွေ၊ ပြည်သူပြည်သားတွေက အတိတ်တွေအနာဂတ်တွေ အဖြူတွေအစိမ်းတွေကို ခဝါချ Covid-19 ကိုသာလျင် ငါတို့ပူးပေါင်းပြီးကာကွယ်ကြမယ်။
တို့တိုင်းသူပြည်သားတွေရဲ့ ဆင်းရဲဒုက္ခတွေကို ငါတို့ဝိုင်းပြီးတော့မှ ညီညီညွတ်ညွတ်နဲ့ဖြတ်သန်းကြမယ် အဲ့တော့ အမေသည် သားကိုချစ်သကဲ့သို့ တစ်တိုင်းပြည်လုံးမှာရှိကြတဲ့ တိုင်းသူပြည်သားအားလုံး တိုင်းရင်းသားညီအကိုမောင်နှမတွေအားလုံးဟာ တို့တစ်အိမ်ထဲမှာမွေးဖွားခဲ့တဲ့ ညီအကိုမောင်နှမတွေ ဒါကြောင့် အမေနဲ့အဖေဟာ သားသမီးကို ချစ်သလို ဒီတိုင်းရင်းသားညီအကိုမောင်နှမတွေက ငါတို့ရဲ့သွေးချင်းတွေဖြစ်လို့ လူချင်းသာလျှင် (၆)ပေ (၃)ပေခွာပြီးတော့မှ နေကြမယ် နှလုံးသားချင်းကတော့ ထပ်တူကျတဲ့စိတ်နှလုံးသားတွေနဲ့ ရင်ဆိုင်ဖြတ်သန်းကြမယ်ဆိုရင် ဒကာကြီးပြောတဲ့ Spiritual Point of View ကနေပြီးတော့မှ ကျုပ်တို့ ဗုဒ္ဓရဲ့မေတ္တာတရားနဲ့ လျှောက်လှမ်းမယ်ဆိုရင်တော့ ဒကာကြီး၊ အားလုံးညီညွတ်မျှတပြီးတော့မှ ငြိမ်းသက်ငြိမ်းချမ်းပြီးတော့မှ Covid-19 ရန်ကို ဘေးမတန်းကာကွယ်နိုင်တဲ့ တိုင်းပြည်ဖြစ်ပါတယ်လို့ ဦးဇင်းဖြေကြားပါရစေ။
ကိုနေထွန်းနိုင်(ISP Myanmar) - တင်ပါ့ဘုရား အရမ်းပြည့်စုံပြီးတော့မှ ရှုထောင့်ပေါင်းစုံကနေမိန့်ကြားပေးတဲ့အတွက် ကျေးဇူးပါဘုရား။ မှန်ပါ့ဘုရား ဒီလောက်ဆိုတပည့်တော်အတွက်လုံလောက်ပါပြီဘုရား။ တပည့်တော်တို့ လာမယ့် (၁၅)ရက်နေ့တော့ ထွက်ပါမယ်ဘုရား။ တပည့်တော် online ပေါ်လဲတင်ပေးပါ့မယ်ဘုရား။
IBEC ဆရာတော် - ဟုတ်ကဲ့ဒကာကြီး ဦးဇင်းကို စာမူတောင်းတာမရေးအားလို့ အင်တာဘဲဗျူးပါလို့ပြောလိုက်တာ။ အင်တာဗျူပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။ ဒါက ဦးဇင်းပြောတာက သံဃာအားလုံးရဲ့ကိုယ်စားတော့လဲ မဟုတ်ပါဘူး ဦးဇင်းရဲ့ Personal Point of View ကနေဖြေကြားခြင်းဖြစ်ပါတယ် ဒကာတော်ရေ။ ""





Website link >>>
Youtube link >>>

Tuesday, April 21, 2020

Road to India



Road to India, Honorary Doctorate Ceremony by International Peace University: Germany and Royal Acadmey of Global Peace: USA, to IBEC Principal




I was follow to our principal. We are going to Bangalore, India. Fantastic trip for us.
Road to India, Honorary Doctorate Ceremony
မတိုင်ခင် .. အိန္ဒိယနိုင်ငံ ဘန်ဂလောမြို့မှာ တစ်နေ့တာလည်ပတ်ခဲ့သမျှ ..
..၂၉-၅-၂၀၁၉
..
မနက်ဖြန် (၃၀-၅-၂၀၁၉) ရက်နေ့ ၉း၃၀ နာရီတွင်ဂု ဏ်ပြုအခမ်းအနားဖြင့် လူသားအကျိုးပြုဒေါက်တာဘွဲ့ လက်ခံရယူမည်ဖြစ်ပါသည်။


It is my great pleasure to appreciate for being nominated Honorary Doctorate in social works by the International Peace University of Germany organized by ROYAL ACADEMY OF GLOBAL PEACE at International conference in Bangalore on the 30th of May 2019.
We are so delighted to know that you have already attained to reach what you have done for other. You truly have proved your self-dedication and perseverance such a huge success and setting a good example for your followers. Moreover, we would also like to thank you for being such a good role model for our youngsters nowadays. This is the appreciation of your outstanding efforts for peace, education and social welfare have been acknowledge and honored. You really deserve with this award. We’re so proud of you our Sayardaw.
May you be in health of body and peace of mind in your works. We wish you will be blessed with more opportunities and success in future.


မွေးရပ်မြေအလည်တစ်ခေါက်နှင့် စာပေဟောပြောပွဲခရီး


``အဟောင်းပြုတ်တိုင်း အဟုတ်ကောာင်းပါစေ´´
ကျွန်တော်မွေးရပ်မြေသို့ စာပေဟောပြောပွဲ ကျင်းပပြုလုပ်ရန် ရောက်ရှိခဲ့စဉ်က ၂၀၁၇ ခု မတ်လ ၃၀ ရက်ဖြစ်သည်။ ကျွန်တော်ရောက်ရှိချိန် စာပေဟောပြောပွဲပြုလုပ်ကျင်းပရန် အ.ထ.က ကျောင်းတော်ကြီးအတွင်း အခင်းအကျင်းအဆောင်အယောင်များစွာ ကျောင်းအားကစားကွင်းအတွင်း ကြိုတင်ပြင်ဆင်ထားကြပြီးဖြစ်သည်။

ကျွန်တော်ရောက်သည်နှင့်တပြိုင်နက် စာပေဟောပြောပွဲအတွက် စီစဉ်တင်ဆက်သူအမျိုးသမီးငယ်လေးများအား အမျိုးသမီးခေါင်းဆောင်မှ ခေါင်းလျှော်ရည်ထုတ်များဖြင့် ဖိတ်ကြားထားပြီးဖြစ်၍ အသံစစ်၊အသံစမ်း လေ့ကျင့်ခန်းပြုလုပ်ရန် အဆင်သင့်ရောက်နေကြသည်။ ကျွန်တော်လည်း ဟန်အပြည့်မာန်အပြည့်ဖြင့် "မြန်မာပြည်သိန်းတန်နှင့် နင်လားငါလား" ခပ်ဝါးဝါးဖြစ်နေမည်လားထင်မိသည်။ စီစဉ်တင်ဆက်ကြမည့် အမျိုးသမီးငယ်လေးများထဲမှ အချို့သည် ကျွန်တော်နှင့်အတန်းတူ သူငယ်ချင်းများဖြစ်သည်။ ကျွန်တော်က ဒီတစ်ခါဖြင့် ဆရာဖြစ်ကာ အမှတ်ပေးဒိုင်လုပ်ရတော့သည်။ အကြောင်းမှာ ကျွန်တော်က ထိုပွဲစီစဉ်သူ၊တာဝန်ယူသူ၊ တာဝန်ခံသူဖြစ်နေသောကြောင့်ပင်။ မိမိလဲခပ်တည်တည်နဲ့ အသံစစစ်သည်။


အမျိုးသမီးငယ်လေးတစ်ယောက်ချင်းစီ၏ အသံကိုစစ်ဆေးပြီး ညပိုင်းမှာလည်း တကယ်နွှဲနေသော တကယ့်ပွဲကဲ့သို့ပင် မိုက်ကရိုဖုန်း၊ ဆောင်းဘောက်များဖြင့် စစ်ဆေးပြန်သည်။ ဒီလိုနဲ့ပင် တစ်ရက်ကုန်လွန်ကာနောက်တစ်နေ့သို့ ရောက်လာခဲ့သည်။ နောက်နေ့နံနက်တွင် ကျွန်တော်တို့ငယ်စဉ်က အတန်းတက်ခဲ့သောအဆောင်များကို အလွမ်းဖြေရင်း ကျောင်းဝန်းအတွင်းလှည့်လည်ကာ ကြည့်မိတော့သည်။ ကျွန်တော်တို့ငယ်စဉ်အခါက တက်ရောက်ကာ ပညာရည်နို့သောက်စို့ခံ့သော ကျောင်းတော်ကြီးသည် သစ်ပင်ကြီးများစွာဖြင့် အရိပ်အာဝါသကောင်းလှပေသည်။ ထိုသစ်ပင်ကြီးများ၏အရိပ်အောက်မှာပင် အတိတ်၏ အရိပ်အငွေ့တို့ကြောင့် ကျွန်တော်နွေးထွေးလာသလိုခံစားရသည်။ ေဩာ်...ငယ်ငယ်က ဒီပိတောက်ပင်ကြီးအောက်မှာ အတန်းတူသူ၊ အတန်းမတူသူ ကျောင်းသူမတွေကြိုးခုန်တမ်းကစားနေတာတွေ၊ ထုတ်စည်းထိုးတမ်း ကစားနေတဲ့ အတန်းဖော်မိန်းကလေးတွေကို စိတ်အစဉ်က အရိပ်အသွင်မြင်နေသလို၊ ပိတောက်ပင်အောက်ကိုငေးမောကာ အတွေးများစီးမျောနေရင်း ကုက္ကိုပင်ခြေရင်းက မြေတလင်းမှာ ထွေခင်းတမ်းကစားခဲ့တာတွေကို ပြန်လည်ကာမြင်ယောင်မိသေးသည်။   အရာအားလုံးတို့သည်အသစ်လိုပါပင်။ ဖြူပြာ ၊ မူယာ၊သူဇာ၊ သက်ထားတို့ပေါ့ ဒီအပင်ကြီးအောက်မှာ "အို"ထိုးတမ်းကစားနေကြလေဟန်များ ၊ "ရွှေစွန်ညိုဘာကိုလိုလို့ ဝဲပါတယ်"ဆိုသောကဗျာထဲကလို သူဇာပျိုခင်နှမကို ဘဝင်ကျလို့  ကုက္ကိုပင်အခြေရင်းမှာထိုင်ကာ ငေးမောကြည့်နေတတ်သော ဖိုးကျော်ကြီးကိုလည်း သတိရမိသည်။ အတိတ်၏အရိပ်များစွာ လွမ်းမောရင်း ဟိုငေးသည်ငေးနှင့်ပင် ကျောင်းဆောင်ဟောင်းများရှိရာသို့ ရောက်ရှိခဲ့ရသည်။ ငယ်ငယ်ကဘုရားဝတ်တက် တရားထိုင်ခဲ့တဲ့ကျောင်းတော်ကြီးလဲ မရှိတော့ပြီ။ ကျွန်တော် ကျောင်းတော်ကြီးတည်ရှိသည်နေရာ အုတ်ခုံနားရောက်တော့ ပျောက်ကွယ်သွားခဲ့ရသော အတိတ်ကကျောင်းတော်ကြီး၏ အမှတ်တရများစွာတို့ကြောင့် မျက်ရည်စတွေဝဲလာတော့သည်။ ကျောင်းဆောင်ဟောင်းကြီး၏ အုတ်ခုံပေါ်မှာမက်တပ်ရပ်ရင်း ငယ်စာရင်းကအတန်းဖော်တွေ အတူတရားထိုင်ခဲ့တဲ့ အချိန်တွေကို ပြန်လည်တမ်းတလွမ်းမောမိပြန်သည်။ သူဇာကဒီနားမှာ၊ မူရာကဟိုနား ဖိုးကျော်၊ဖိုးဇော်တို့ကလည်း တရားထိုင်ရင်း ငိုက်မြည်းကြတာတို့ကို ယနေ့တိုင်မြင်ယောင်နေတော့သည်။ ဆရာမကြီးကလမ်းလျှောက်ရင်းတရားပြ အဲဒီအချိန်က ကျွန်တော်တို့ရဲ့ ကမ္မဋ္ဌာနာစရိယ(တရားပြ) ကျောင်းအုပ်ဆရာမကြီးပေါ့။ ငယ်စာရင်းက သူငယ်ချင်းတွေ ကျောင်းတက်ခေါင်းလောင်းထိုးတန်းစီကြ၊ နိုင်ငံတော်သီချင်းဆိုကြတဲ့ မြက်ခင်းပြင်ကြီးကြည့်ပြန်တော့လဲ အမြဲစိမ်းစိုဝေဆာနေသည်က ကျွန်တော်တို့ငယ်စဉ်အခါ အိမ်ကနေတူရွှင်း၊ပေါက်ပြားများယူဆောင်ကာ ညီညီညာညာပေါင်းရှင်းကြတာတွေ မြင်ယောင်နေမိသည်။အရာအားလုံးအသစ်လိုခံစားရသည်။ စကားဝါဆောင်ကိုမြင်တော့ အလွမ်းတွေပိုကာ မျက်ရည်စတို့ယိုစီးမတတ် ရင်းတွင်းလှိုက်ဖို့ ငိုချင်သလိုဖြစ်မိသည်။

စကားဝါဆောင်ကြီးမှာ ကျွန်တော်တို့သူငယ်ချင်းများ နဝမတန်းနှင့် ဒသမတန်းတက်ခဲ့ကြရသည်။ အဆာင်အတွင်းမှာပင်ပြတင်းမှန်အတွင်းမှ စာသင်ခန်းအတွင်းငေးအကြည့် တွေးမိပါသေးသည်။ နဝမတန်းကျောင်းသားဘဝ ဧရာဝတီမြစ်ရေကြီးတော့ ရေးဘေးကြီးကဆိုက် ကျောင်းပိတ်ရန်အခိုက်မှာပင် သူငယ်ချင်းတစ်ယောက် တိမ်းပါးခဲ့ရသည်။ မြစ်ရေတက်တော့ မြွေ၊ကြွက်တို့ ရေဘေးလွတ်ရာလွတ်ကြောင်း သစ်ပင်၊သစ်ခေါင်းအတွင်း နေရာအတင်းယူကြသည်။ တစ်နေ့တော့ ကျွန်တော့်အတန်းဖော်သူငယ်ချင်း ပြည့်ကြီး (ခ)ပြည့်ဖြိုးအောင် တစ်ယောက် မြွေရန်သူကြောင့် တိမ်းပါးခဲ့ရရှာသည်။ စကားဝါဆောင်အတွင်း မှန်ပြတင်းမှစာသင်ခန်းအတွင်းငေးရင်း ပြည့်ကြီးကိုလဲ သတိရမိသည်။ ထိုအခိုက်မှာပင် "ပြည့်ကြီးရေ..သူငယ်ချင်း ငါပြုသမျှ ကုသလ မင်းကျွတ်လွတ်ခွင့်မရသေးရင် အမိအရသာဓုခေါ်ပါ"လို့ မျက်ရည်စို့ကာဖြင့် "ပြည့်ကြီးရေအမျှ…အမျှ…အမျှ" ဟု သံသရာတစ်ကွေ့မှာ ခဏတာတွေ့ ခွင့်ရခဲ့သော ပြည့်ကြီးကို သတိတရဖြင့် အမိအရ အမျှပေးဝေခဲ့သေးသည်။ ပြည့်ကြီးခြောက်လှန့်မည်ကို ကြောက်ကြသောကြောင့် သူငယ်ချင်းတွေ စာသင်ခန်းအတွင်း စည်းလုံးညီညွတ်နေကြပုံ၊ တစ်ယောက်ကိုတစ်ယောက် မျက်ခြေပျက်မခံ အိမ်သာသွားလဲ လက်တွေတွဲလို့ပေါ့။ တကယ်တော့ ပြည့်ကြီးက ဘာတစ်ခုမှခြောက်လှန့်ခြင်းပြုပေ။

ဆယ်တန်းနှစ်တွင် သူနေ့ရာသူထိုင်ကြ စာင်သင်ကြသောပုံရိပ်အချို့ ပြန်လည်ကာမြင်ယောင်မိသည် ။ စကားဝါဆောင်အတွင်း မှန်ပြတင်းမှ စာသင်ခန်းအတွင်းမြင်ရသည်က စာသင်ခုံတို့မရှိ ဆေးရောင်ဖျော့တော့နေသော ပန်းချီကားများ၊ ဟောင်းနွမ်းနေသော ကျောင်းသင်ပုန်းများ သိုလှောင်ထားရာ ဂိုတောင်ကြီးသဖွယ်ဖြစ်နေပေသည်။ ကျွန်တော့်အဖို့မှာတော့ အရာအားလုံးကို အရှိကိုအရှိအတိုင်းမမြင်တော့ပဲ ငယ်စာရင်းကသူငယ်ချင်းများ၏ ပုံရိပ်တို့ကိုသာမြင်ယောင်နေမိသည်။ ကျောင်းတော်ကြီးတစ်ခုလုံးက များစွာပြောင်းလဲနေပေသည်။ ကျောင်းဆာင်ဟောင်းကြီးများနေရာတွင် ကျောင်းဆောင်သစ်များ အစားထိုးတည်ဆောက်ထားသည်။ကျောင်းဆောင်ဟောင်းကြီးများမှ ကောင်းသောသစ်သားများကို ထပ်မံအသုံးပြုသည်။ ယခင်ကျောင်းဆောင်ကြီးများမှ ကောင်းသော၊ တန်ဖိုးကြီးသော ကျွန်းသစ်မျာကို ကျောင်းဆောင်သစ်များတည်ဆောက်ရာ၌ ပြန်လည်ပြင်ဆင်ကာ အစားထိုးထည့်သွင်းအသုံးပြုထားသောကြောင့် အရာရာတိုင်းပြောင်းလဲကာ အသစ်အသစ်တို့ ဖြင့် လှပတင့်တယ်နေချေပြီ။ ကျွန်တော်ကျောင်းတို့တက်ခဲ့သော ကျောင်းဆောင်ဟောင်းကြီးများမှာ မရှိတော့ပြီ။ စကားဝါဆောင် တစ်ဆောင်သာအလွမ်းဖြေရန် ကျန်နေရစ်ခဲ့သည်။
"အဟောင်းများ ကုန်လုနီးပါးဖြစ်နေပြီ ၊
အဟောင်းများ ကုန်တော့မည်"
"အဟောင်းပြုတ်တော့ အဟုတ်ပြောင်းကာ" အသစ်တို့အစားထိုးဝင်ရောက် နေရာယူကြပြီ။ ကျွန်တော်တို့ကျောင်းတော်ကြီး၌ ကျောင်းဆောင်ဟောင်းများနေရာတွင် ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘပြည်သူများ ပူးပေါင်းကာ စုပေါင်းပြုပြင်တည်ဆောက်ကြရာ ခမ်းနားထည်ဝါသောကျောင်းဆောင်အသစ်များဖြင့် တိုးတက်စည်ကား သာယာဝေဆာနေချေပြီ။
ကျွန်တော်တို့ပညာရည်နို့သောက်စို့ ခဲ့သော ကျောင်းတော်ကြီးမှ ကျောင်းဆောင်များကဲ့သို့ အဟောင်းများလဲကုန်လုနီးပြီ၊ အသစ်များလဲအစားထိုးဝင်ရောက်နေသည်။ အဟောင်းကိုလဲ အချိုးကျမျှတစွာ ကျွန်တော်တို့ကျောင်းတော်ကြီးမှ ကျွန်းသစ်များသဖွယ် လိုအပ်သည့်နေရာ၌ထည့်သွင်းကာ အနာဂါတ်၌ စစ်မှန်သောငြိမ်းချမ်းရေး(တရားမျှတကာ ဖွံ့ ဖြိုးတိုးတက်သော လူအဖွဲ့အစည်းတစ်ရပ်)ဆီသို့  တွဲလက်တို့ ညီစွာ ဟန်ချက်ညီညီချီတက်ကြရင်း
"အဟောင်းပြုတ်၍ အဟုတ်ပြောင်းပါစေ"
"အဟာင်းပြုတ်တိုင်း အဟုတ်ကောင်းပါစေ"…….။

                                                                                       လေးစားစွာဖြင့်
                                                                                တက္ကသိုလ် မောင်လေးနက်









https://www.youtube.com/watch?v=f7eE8CvxUww&t=681s

အင်းတော်ကြီးဒေသသို့ အလည်တစ်ခေါက်၊ နွေတစ်ရက်၏ ကျေနပ်ခြင်းများစွာ




``နွေတစ်ရက်၏ ကျေနပ်ခြင်းများစွာ´´



















သင်္ကြန်အချိန်အခါနီး၍ ခရီးထွက်ရန်ပြင်ဆင်ကာမနောမြေအရပ် အင်းတော်ကြီးအိုင်
ကမ်းတစ်ဖက်ဆီကဖွံ့ဖြိုးဆဲကျေးလက်ရွာကလေးတစ်ရွာသို့ အလည်တစ်ခေါက်သွားရောက်လေ့လာရန် စာရေးသူခရီးထွက်ခဲ့သည်။ အင်းတော်ကြီးအိုင်တစ်ဖက် ဖွံ့ဖြိုးလျက်စည်ကားနေသောထိုရွာကလေးတွင်နေထိုင်ကြသောတပည့်များနှင့်ဆက်သွယ်ကာရောက်ရှိခဲ့ရသည်။ မည်သို့သောအကြောင်းအရင်းကြောင့် တပည့်များနှင့်ဆုံဖြစ်ကြသည်ကိုလည်းပြောရပေဦးမည်။ လွန်ခဲ့သောနှစ်ကစာရေးသူ၏ဆရာဖွင့်လှစ်သော နွေရာသီအင်္ဂလိပ်စာနှင့်ကွန်ပျူတာသင်တန်းဖွင့်စဉ်ကဆရာအဖြစ်ဝင်ရောက်သင်ကြားရင်းကစာရေးသူအတွက် လိမ္မာထက်မြတ်သောတပည့်လေးများရရှိခဲ့ရသည်။ ဖွံ့ဖြိုးနေဆဲမနောမြေထဲကရွာကလေးသို့စတင်ရောက်ရှိစဉ် ယခင်နှစ်ကအင်းတော်ကြီးအိုင်တော်၏ ညနေဆည်းဆာနေဝင်အလှသဘာဝ၏ ဖမ်းစားလိုက်လေသလား ၊ ထိုကျေးလက်ရွာကလေးမှာနေထိုင်ကြသောကျေးလက်နေရွာသူရွာသားများ၏ ပျူငှာဖော်ရွေမှုများကြောင့်လား ၊ တပည့်များ၏ အလိုက်သိမှုများကြောင့်လားစာရေးသူအကြိမ်ကြိမ်အခါခါ စဉ်းစားဖူးသည်။
အင်းတော်ကြီးအိုင်တစ်ဖက်ကမ်းမှမြင်ရသောညနေဆည်းဆာသည် တောင်တန်းကြီး၏အထက်ပေါ်မှ နီမြန်းသောနေလုံးကြီး၏ သက်ဆင်းသွားပုံမှာ ပြည်တန်ပတ္တမြားကြီး
တောင်ထိပ်ပေါ်၌ တင်ထားသကဲ့သို့ စာရေးသူမြင်မိရာမှ ဆည်းဆာအလှကညှို့ယူဖမ်းစားလေဟန်တူ
သည်။ တောင်းတန်းတို့အလီလီယှက်သန်းနေသောအင်းတော်ကြီးအိုင်၏ နေရီရီညနေချမ်းမှာထိုကျေးလက်ရွာလေး၏ လမ်းကလေးကလည်းစာရေးသူကိုဖမ်းစားလေဟန်တူသည်။ အနောက်အရပ် တောင်စွယ်မှနေကွယ်ချိန်ကစာရေးသူအတွက် သင်္ခါဆီသို့ ဦးတည်လျက်လမ်းပြနေပေသည်။ အင်းပြင်ကျယ်နှင့် ရွာအဝင်လမ်းဒီဆိပ်ကမ်းလေးကစာရေးသူအတွက် အလွမ်းဓာတ်ဖြန်းပက်လိုက်လေသလားမကွဲပြားတော့ပြီ။ ထိုရွာကလေးမှာနေထိုင်ကြသောရွာသူရွာသားများသည်လည်း ပျူငှာဖော်ရွေဆက်ဆံပုံစရိုက်လက္ခဏာများမှာချစ်စရာမနောမြေဓလေ့
တကယ်တွေ့ခဲ့ရသောကြောင့် ယခင်နှစ်ကအဖြစ်အပျက်တို့ကိုမေ့ရခက်တော့သည်။ လိမ္မာထက်မြတ် အလိုက်သိတတ်သောတပည့်များ၏ တာဝန်သိမှုတွေကြောင့် ဒီရွာလမ်းဒီရွာ၏ဆိပ်ကမ်းလေးကိုစာရေးသူအမြဲတမ်းလွမ်းနေမိသည်။ ဒီရွာသူ ၊ ဒီရွာသား၊ ဒီရွာမှတပည့်လေးများနှင့်သင်္ခါရကိုညွှန်ပြ ဆိပ်ကမ်း၏သဘာဝကပင်လယ်ပြင်ထက်လှနေသောကြောင့် စာရေးသူအဖို့ နောက်တစ်ခေါက် ရောက်လာခဲ့ရသည်မှာအဆန်းမဟုတ်တော့ပြီ။
စာရေးသူတို့ အင်းတော်ကြီးအိုင်မှာရှိသောဘုရားဖူးရန်နှင့်အထင်ကရနေရာများလေ့လာရန် ထိုကျေးလက်ရွာကလေးမှစက်လှေဖြင့် နံနက်စောစောထွက်လာခဲ့သည်။ စက်လှေပေါ်တွင် လိုက်ပါစီးနင်လာသောတပည့်ကလေးများနှင့် ကျောင်းသားကျောင်းသူဆရာဆရာမများပါဝင်သည်။
အားလုံးသောသူတို့သည် ပျူငှာဖော်ရွေကြသည်။ စာရေးသူတို့အင်းတော်ကြီးအိုင်အနီးအထင်ကရရှိသောရွှေတောင်သို့ ဦးစွာခရီးနှင်ခဲ့သည်။ ရေပြင်ကျယ်ကြီးတစ်လျှောက် ခုတ်မောင်းနေသောစက်လှေသည် နာရီဝက်ခန့်ကြာသည်အထိပင် ရွှေတောင်သို့မရောက်သေးချေ။ တစ်နာရီခန့်ကြာမှ ရွှေတောင်သို့ရောက်ရှိခဲ့သည်။ တောင်ပေါ်သို့ အတက်လမ်းတို့သည် မညီမညာသော်လည်းသာယာလှပေသည်။ အချို့သောနေရာများတွင် ကျောက်တုံးများပေါ်နေပြီး
သဘာဝတရား၏ ထူးခြားမှု၊လှပမှုတို့ကိုဖော်ပြနေသည်။လမ်းဘေးဝဲယာတွင် တောပန်းများဖြင့် သာယာလှပနေသည်။ တောင်ပေါ်သို့တက်ရန် အားတင်းပြီးတက်ရသည်။ လမ်းတစ်လျှောက်တွင် သင်ပေါင်းပင်များရှိနေသည်။ သင်ပေါင်းသီးများလဲအခိုင်လိုက်၊အပြွက်လိုက် လှပစွာသီးပွင့်နေပေသည်။ စာရေးသူတို့ သင်ပေါင်းသီးများကိုခူးစားရင်းရွှေတောင်ဟုခေါ်သောတောင်ပေါ်သို့ အရောက်တက်ခဲ့ကြသည်။ တောင်ပေါ်မှာရှိသောဘုန်းကြီးကျောင်းမှ ဆရာတော်ဘုရားကြီးအားရိုသေစွာဂါရဝပြုကြရာဆရာတော်မှ ငှက်ပျောသီးများ၊မုန့်များ၊ကော်ဖီများ
စွန့်ကြဲသောအခါ မောပန်းနွမ်းလျနေသောစာရေးသူတို့အဖို့ အာဟာရဖြစ်စေသည်။ ဆရာတော်မှ
စွန့်ကြဲသောအာဟာရများသုံးဆောင်ပြီးရွှေတောင်ပေါ်မှာရှိသောစေတီပုထိုးများကိုဖူးမျှော်ခဲ့သည်။
ကျောင်းသူ/ကျောင်းများနှင့် ဆရာ/ဆရာမများပျော်ပျော်ရွှင်ရွှင် ကြည်လင်သောစိတ်တို့ဖြင့် ဘုရာဖူးပြီး
ရွှေတောင်ပေါ်မှ အင်းတော်ကြီးအိုင်၏ ရှုခင်းကြည့်ရင်းအနားယူကြသည်။ တောင်တန်းတစ်လျှောက်လုံးတောပန်းရနံ့တို့ဖြင့် သင်းပျံ့နေသည်။ လမ်းဘေးဝဲယာတွင် တောပန်းကလေးများပွင့်နေသည်ကို မြင်ရသောကြောင့် စာရေးသူအမိအရခူးယူခဲ့သည်။ ပန်းခတ်ကိုပိုက်ရင်းဇာတ်မင်းသားကိုဝင်းနောင် သရုပ်ဆောင်ထားသကဲ့သို့ တပင်တိုင်မင်းသားကျွန်တော်ဆိုသောသီချင်းကိုသတိရမိသည်။ စာရေးသူကပဲကိုဝင်းနောင်၏ အမူအရာနှင့် တူလေသလားထင်ယောင်မှားနေကြမည်မှာဧကန်ပင်ဖြစ်သည်။ သို့မဟုတ် တပင်တိုင်မင်းသားကိုဝင်းနောင်နှင့်တူနေသလားတွေးမိသည်။ သီချင်းထဲမှာတော့ ကိုဝင်းနောင်ကြီးကပန်းစည်းကိုပွေ့လို့ပေါ့။ အပြင်မှာစာရေးသူကတော့ ရွှေတောင်ပေါ်ကလမ်းဘေးဝဲယာမှာပွင့်နေသောတောပန်းကိုခူးကာရင်ခွင်မှာပိုက် ဇာတ်မင်းသားကိုဝင်းနောင်ဂိုဏ် ပေါက်နေဟန်တူသည်။ စာရေးသူနှင့်အတူဘုရားဖူးကြသောဆရာ /ဆရာမများ၊ကျောင်းသား/ကျောင်းသူများသည် စားရေးသူကိုကြည့်ကာပီတိလွှမ်းလျက် အပြုံးပန်းတို့ဖြင့်ကြည်။ စာရေးသူလည်းသတိထားမိသည်။ ထိုသူတို့အကြည့်မှာဇာတ်မင်းသားကိုဝင်းနောင်၏ တပင်တိုင်အချစ်နှင့် မတူတမူထူးခြားနေသောကြောင့် ဖြစ်လိမ့်မည်။ တကယ့်လက်တွေ့ဘဝမှာတော့ ဇာတ်မင်းသားကိုဝင်းနောင်ကသရုပ်ဆောင်ယုံမျှသာဖြစ်ပါသည်။ စာရေးသူမှာတော့ မကြင်နာ၍ တမင်တကာသူပြစ်သွားသောတပင်တိုင်မင်းသားစစ်စစ် ဘဝဆက်တိုင်းကျန်ရစ်အစွန့်ခံမဖြစ်ရလေအောင် စိန္တေဘုရား(ရွှေတောင်ဘုရား)မှာတောပန်းတို့ဖြင့် ကပ်လှူပူဇော်ကာဆုတောင်းလိုက်ချင်မိသည်ကိုစာရေးသူနှင့်အတူဘုရားဖူးလာကြသောဆရာ/ဆရာမများ၊ကျောင်းသား/ ကျောင်းသူများသိကြလိမ့်မည် မဟုတ်ပေ။ စာရေးသူတို့တောင်ပေါ်မှဆင်းလာကာစက်လှေပေါ်သို့တက်ကြပြီ။ နှီးဘုရားရှိရာအရပ်ဆီသို့ အင်းတော်ကြီးအိုင်ရေပြင်ကျယ်မှာစက်လှေကိုစီးပျော်ပျော်ကြီးခရီးနှင်ခဲ့ကြပါပြီ။
စက်လှေကိုစီးရေပြင်ကြီးတစ်လျှောက်မှာခုတ်မောင်းလာကာခရီးနှင်ခဲ့သောစာရေးသူတို့ဘုရားဖူးအဖွဲ့ နှီးဘုရားရှိရာဆိပ်ကမ်းသို့ရောက်ရှိခဲ့ပြီး နှီးဘုရားဖူးကြသည်။ နှီးဘုရားကြီး၏ဗိမာန်အဝင်ဝအတွင် ဇီဇဝါပန်းပင်များ၊တရုတ်စကားပန်းပင်များနှင့် အခြားသောပန်းပင်များစိုက်ပျိုးထားရာပန်းရနံ့များကြိုင်လှိုင်ထုံသင်းနေသည်။ သဘာဝကိုပကာသနထက်မြတ်နိုးတန်ဖိုးထားသောစာရေးသူအဖို့မှာတော့ ပန်းရနံ့တို့သည်ပင် သူတို့အနားသို့ မရောက်ရောက်အောင် သင်းပျံ့သောရနံ့ဖြင့် ဖမ်းစားနေရုံမျှမကပန်းပွင့်တို့ကလဲဝေဆာနေသည်။
ဖြူစင်ပဝင်းပုလဲရောင်အဆင်းများကဲ့သို့တောက်ပနေသောဇီဇဝါပန်းများကလဲစွဲမက်အောင်လှပနေချေပြီ။ စာရေးသူလဲဇီဇဝါပန်းပွင့်တို့အနားသို့ကပ် မြက်ခင်းပြင်ထက်မှာဓာတ်ပုံတွေတစ်ဖျပ်ဖျပ်ရိုက်ပါတော့တယ်။ ဘုရားဖူးရင်းဓာတ်ပုံတွေရိုက်အပြီးဘုရားဝန်းအတွင်းဈေးဆိုင်မှ ပြောင်းဖူးပေါက်ပေါက်ပွင့်ဘူးများကိုဇင်ယော်ငှက်ကလေးများအတွက် ဝယ်လိုက်သည်။ ထိုအခါမှာတော့ မြတ်နိုးခြင်း၏နိဒါန်း (၁/၂)ကိုရေးသားရန်ဖြစ်စေခဲ့သောတပည့်တစ်ယောက်ကသွက်လက်ထက်မြတ်သောသူ့၏ပင်ကိုစိတ်ရင်း၏ စေခိုင်း၍သာမနေသာသောကြောင့် မေးခွန်းထုတ်လေပြီး။ ‘ဒီလောက်အများကြီးဘာလို့ဝယ်တာလဲဆရာ’ ဆိုသောစကားနှင့်တစ်စပ်တည်းမှာပင် သူပြောသောစကားတစ်ခွန်းမှာ ‘ဇင်ယော်ဖြစ်ချင်တာ’ဆိုသောစကားတစ်ခွန်းပင်ဖြစ်သည်။ ဖြူစင်သောဇင်ယောငှက်ကလေးများ၏ ဖြူစင်ရိုးသားအများတကာကိုအန္တရာယ်မပြုပဲချစ်စရာကောင်းအောင်လှပမှု၊အသံသာမှုတို့ကိုစာရေးသူလွန်စွာသဘောကျနှစ်သက်သည်။ ဖြူစင်သောသူမ၏ စိတ်နှလုံးနှင့် အဖြူရောင်အင်္ကျီဝတ်ထားသောသူမသည်ပင် အမှန်တကယ် ဇင်ယော်ငှက်ကလေးပါပင်။ သူမကိုယ်တိုင်ကပင် ဇင်ယော်ငှက်ကလေးကဲ့သို့ ဖြူစင်သောစိတ်နှလုံးအဆင်းသဏ္ဍာန် ဇင်ယော်ငှက်ဟန်ဖြင့် လှပနေပေသည်။ စာရေးသူလဲသူမနှင့် စကားပြောရင်းကပင် ကဗျာစာသားကာရန်တို့ ဖွဲ့စပ်ရေရွတ်နေမိသည်။ စိတ်ထဲမှရွတ်ရင်း နှုတ်မှထွက်လာသောစာရေးသူ၏ အသံသည် ‘ဇင်ယော်တွေကိုငေး ၊ ဟိုအဝေးတိမ်ပန်းချီ ၊ အလီလီယှက်သန်း ၊ ဒီခရီးမှတ်တမ်း ၊ အမြဲတမ်းလွမ်းနေပါမည် ၊ ယနေ့မှသည် ၊ နောင်….ထာဝရဆီသို့ ..’ ဟူသောအသံဖြင့် ကဗျာစပ်နေမိပြီ။ ကဗျာလည်းဖြစ်ခဲ့ရပြီ။ ထာဝရလဲဖြစ်ခဲ့ရသည်။ ထိုသို့ရေရွတ်နေရင်းမှာပင် သင်္ကြန်ရေပက်နေသောကလေးတစ်စုရေပက်ရန်စောင့်နေကြသည်နှင့် ပက်ပင်းတိုးလေပြီ။ စာရေးသူတို့ သင်္ကြန်ရေအနည်းငယ်စိုပါတော့သည်။
ထို့နောက်စက်လှေကိုစီးခရီးနှင်ခဲ့ရာစာရေးသူတို့ မုဆိုးမ(ဒေါ်မုံ)ခြေရာနှင့် ဒေါ်မုံရေဘေးရှောင်ခဲ့သောတောင်ခြေသို့ရောက်ရှိခဲ့သည်။ ဒေါ်မုံ၏ခြေရာနှင့် သူမဆွဲလာခဲ့သော ကျွဲခြေရာတို့မှာယနေ့တိုင်အထင်အရှားရှိနေသည်ကိုလေ့လာတွေ့ရှိရသည်။ ဟိုရှေးယခင်ရေမဝင်မှီကအင်းတော်ကြီးအိုင်အတွင်း၌ ‘စည်ခမ်း’ဟူသောအမည်ဖြင့် စည်ကားသာယာလှသော မြို့တစ်မြို့ရှိခဲ့သည်ကိုလဲလေ့လာမှတ်သားခဲ့ရသည်။ ရေများဖုံးလွှမ်းတော့မည့်အရေးရေဘေးကိုဒေါ်မုံမည်သို့ပင်ပြောပါသော်လည်းမည်သူတစ်ဦးတစ်ယောက်ကမှ မယုံကြည်ခဲ့ကြသောကြောင့် မြို့နေပြည်သူလူအများအိုးအိမ်များစွာရေပြင်ကြီးအောက်နစ်မြုပ်ကာပျောက်ကွယ်ခဲ့ရကြောင်းကိုလည်းမှတ်သားသိရှိခဲ့ရသည်။
မုဆိုးမခြေရာမှပြန်၍ စက်လှေပေါ်တက်ကာရွှေမဉ္ဖူဘုရားရှိရာအရပ်သို့ခရီးနှင်ရင်းဒေါ်မုံတည်ထားကိုးကွယ်ခဲ့သောစေတီတော်ကိုစက်လှေပေါ်မှ စာရေးသူတို့ဖူးမျှော်ခဲ့ကြသည်။ စက်လှေကိုစီးရေပြင်ကြီးတစ်လျှောက်ဖြတ်သန်းလာခဲ့သောစာရေးသူတို့ ရွှေမဉ္ဇူရေလယ်ဘုရားသို့ ရောက်ရှိခဲ့ပါပြီ။ ရေလယ်ဘုရားကိုတစ်ပတ်ပတ်ကာစက်လှေကိုဆိပ်ကမ်းသို့ကပ်ပြီးဘုရားရင်ပြင်ပေါ်သို့ ဘုရားဖူးရန်နှင့် ဇင်ယော်ငှက်ကလေးများကိုအစာကျွေးရန်အလို့ငှာတက်ရောက်ခဲ့ကြသည်။ မဟာသင်္ကြန်ရက်မို့ ဘုရားဖူးပြည်သူများဖြင့် ရွှေမဉ္ဇူဘုရားရင်ပြင်တွင် ဘုရားဖူးများဖြင့် ပြည့်နက်နေပေသည်။ လမ်းဘေးဝဲယာဈေးဆိုင်များမှာလည်းအမှတ်တရပစ္စည်းများရောင်းချနေကြသည်။ ဘုရားဖူးလာကြသော ပြည်သူများ၏ကားတန်းများမှာလည်းမဟာရန်ကုန်ရွှေမြို့တော်ကြီးနီးနီးမော်တော်ကားယာဉ်များစီတန်းလျက် ဝင်ထွက်မပြက် စည်ကားလျက်ရှိနေပါသည်။ စာရေးသူတို့ မောင်းဘုရားရှိရာသို့ခြေလျင်ခရီးဖြင့်သွားရောက်ကာဘုရားဖူးမျှော်ခဲ့ကြပြီး ဖွံ့ဖြိုးနေဆဲဖြစ်သောကျေးလက်ရွာကလေးဆီသို့ ရေယာဉ်ကိုစီးခရီးနှင်ခဲ့ကြသောအချိန်သည် နေ့ သုံးနာရီကျော်နေပါပြီ။
ဇင်ယော်ငှက်တို့အတွက် ရည်မှန်းကာဝယ်လာခဲ့သောပေါက်ပေါက်ဘူးတို့သည် ကြင်ဖော်မဝေးတဲ့ဇင်ယော်ကလေးတို့၏ စိမ်းကားမှုကြောင့် စာရေးသူမျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ ဇင်ယောငှက်လေးများနှင့် မဆုံဆည်းဘဲနားလည်မှုအလွဲကြီးလွဲခဲ့ရပြီ။ ကြင်ဖော်မဝေးတဲ့ ဇင်ယော်ကလေးများက ကျွန်ုပ်မျှော်လင့်ချက်၊ခံစားချက်တို့ကိုနားမလည်းကြဘဲ လျှစ်လျှူရှုသွားကြပြီ။ စာရေးသူမျှော်လင့်သမျှ ဖော်ပြစရာမရှိဘဲအလွဲနှင့်ကြုံခဲ့ရပြီ။ ဟို…အဝေးဆီတိမ်အလီလီမိုးသားအောက်ဆီမှာ ပြာလဲ့လဲ့ရေပြင်ထက် ကမ်းတစ်ဖက်အခြေဇင်ယော်ငှက်ကလေးတွေကို မြင်နေရပေမယ့် စာရေးသူ၏အသံဟန်ပန်တို့ကိုဇင်ယော်တို့ မသိကြမမြင်ကြတော့ပြီး။ ဇင်ယော်တို့အတွက် နှလုံးသားမှ ``လွဲ´´ ဟူသောကဗျာငယ်လေးလျှံထွက်လာခဲ့ပြီ။
``ဇင်ယော်ထိုငှက်
ခံစားချက်ကို
ငဲ့ကွက်မပြု
လျှစ်လျှူရှုကာ
ဘယ်သူ့ကြောင့်များ
သူစိမ်းကားသည်
မျှော်ထားသမျှ
လွဲခဲ့ရပေါ့´´ဟူ၍ ရေရွတ်မိသည်။
 သို့သော်လည်းစာရေးသူကျေနပ်မိပါပြီ။ ဇင်ယော်ငှက်ကလေး ဖြစ်ချင်သူလည်းဇင်ယော်ငှက်ကလေးဖြစ်ရပြီ။ ဇင်ယော်မဖြစ်ချင်သူများလည်းဇင်ယော်လုပ်ကာချိုမြသောပေါက်ပေါက်တို့ကိုစားရင်းအပြန်ခရီးစက်လှေကြီးပေါ်မှာသူ့ထက်ငါအတာရေပက်ဖြန်းကြသည်။ အတာရေပက်ဖြန်းရန် အင်းတော်ကြီးအိုင်ရေပြင်ကြီးမှ ရေများဖြင့် အဆင်သင့်ဖြစ်နေသည်။ သင်္ကြန်ရေအတွက် ရေစက်ဖြင့်ရေစုတ်ယူပြီးပိုက်နှင့်သွယ်ယူရန်မလိုတော့ပြီ။ ရေပြင်ကျယ်တစ်လျှောက်လုံးအတာရေများပက်ဖြန်းကာဖြင့် စာရေးသူတို့ ဆိပ်ကမ်းအနီးရောက်ရှိခဲ့ပါပြီ။ ဆိပ်ကမ်းနှင့် မီတာသုံးရာခန့်အကွာတွင် စက်လှေကိုလုံးဝရပ်ပြစ်လိုက်သည်။ စာရေးသူတို့ ဆိပ်ကမ်းအနီးရေပြင်မှာပင် သင်္ကြန်ရေကစားကြသည်။ စာရေးသူအဖို့ ယခုကဲ့သို့ အတာရေပက်ဖြန်းကာရေကစားရသောပျော်ရွှင်မှုနှင့် ဝေးကွာခဲ့ရသည်မှာခုနစ်နှစ်ကာလမျှရှိခဲ့လေပြီ။ အင်းတော်ကြီးအိုင် ရေပြင်ကျယ်အတွင်းနံနက်ချိန်ခါအရှေ့အရပ် တောင်မဟာထက်ရောင်နေဖြာထွက်ချိန်မှသည် နေဝင်ဆည်းဆာအချိန်အထိရောက်ရှိခဲ့သည်။ ဘုရားဖူးအပြီးအင်းတော်ကြီးအိုင်အတွင်းအတာရေပက်ဖြန်းရင်းကုန်ဆုံးခဲ့သောညနေဆည်းဆာသည် စာရေးသူအတွက် ချမ်းခိုက်ခိုက်တုန် ရွှေရင်မှာဒိတ်ဒိတ်ခုန်ကာပီတိဖြာလျက် ‘နွေတစ်ရက်၏ ကျေနပ်ခြင်းများစွာ’ ကြုံတွေ့ခဲ့ရသောနေ့တစ်နေ့ဖြစ်တော့သည်။

လေးစားစွာဖြင့်
တက္ကသိုလ် မောင်လေးနက်

International Buddhist Education Center(IBEC)







International Buddhist Education Center, Sagaing Hills, Sagaing. Myanmar


IBEC is the organization established by nine leaders (nine friends) in 2006. The discussion and desire of nine friends made the first cultivation of IBEC. IBEC is no monopoly but worked by Group. IBEC’s mission is to promote the moral and education of new generations to be brilliant in the future and more aim is to serve the benefit and development of community and country. So IBEC has five projects

The Department of Teaching Buddhist Scripture.
Teaching Buddhist Scriptures to novices and monks is to maintain the Buddhist Teaching a long time and to born the Buddhist leader to teach and share the Dharma to people (living beings) so that they can know how to live peacefully in daily life and to know the essence of Buddha teaching.
The Department of Monastic Education School.
Monastic education is for children who cannot learn the government school. We will support and teach them without taking money. We will uplift of poor children’s education standard and create the work opportunity for them.
The Department of Foreign Language.
Teaching Foreign Languages is to teach foreign languages, especially the English language. As the world became a global village, the international communication language became useful too. Therefore, in this centre, the English language will be taught as an international communication language. It is also to open the wisdom-eye of international knowledge. New generations must have a wide knowledge of their life.
The Department of Computer Training
Now we have only one computer, we give the computer training to the teachers who volunteer here (IBEC). We also teach the basic computer skills to the students. We cannot give training to all of the students because we haven’t had enough computers and technicians. (IBEC) is growing gradually, so we believe someday, we might need the high technique essentially to communicate with other donors and organizations not only from Myanmar but from another country also around the world. Networking and cooperation are very essential not only for the development of IBEC but also for the poor children, learning here.
The Department of Meditation
Any more plans are to perform better activities to strive for social welfare. Meditation is to establish the stability of one’s mind and we will give the way to do it

Covid-19 ရောဂါကူးစက်မှု မြင့်တက်လျက်ရှိသောမြန်မာနိုင်ငံ အခြေအနေအပေါ် ISP Myanmar နှင့် ဂလိုဘယ် ငြိမ်းချမ်းရေးခရီးသည်တို့၏ သုံးသပ်ချက် ...